ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး စင်္ကာပူသမ္မတနိုင်ငံ ရှေ့နေချုပ် Mr. Vijaya Kumar Rajah ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မေလ ၁၃ ရက်

                   ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် စင်္ကာပူသမ္မတနိုင်ငံ ရှေ့နေချုပ် Mr. Vijaya Kumar Rajah ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၀၉း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံသည်။

 

         

 

     ယင်းသို့တွေ့ဆုံစဉ်   မြန်မာနိုင်ငံရှိတရားစီရင်ရေးစနစ်နှင့်  တရားရုံးများအဆင့်ဆင့်  အကြောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ အမှုကြားနာစစ်ဆေးစီရင်ဆုံးဖြတ်နေမှု များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် စင်္ကာပူနိုင်ငံတရားရုံးချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန တို့အကြား ပူးပေါင်းဆောင်ရွက်နေသည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

        အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးသာဌေး၊ ဦးမြသိမ်း၊ ဦးမြင့်ဟန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Myanmar

Category: