နေပြည်တော်၊ ဇူလိုင် ၄
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ AML/CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) မဟာဗျူဟာအစီအစဉ် ၃.၅.၅ အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေအန္တရာယ်အခြေပြု ချဉ်းကပ်စစ်ဆေးသည့်လက်စွဲ” ကို ၄-၇-၂၀၂၅ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၅၇၉/၂၀၂၅) ဖြင့် ထုတ်ပြန်လိုက်သည်။
ဤလက်စွဲသည် ရှေ့နေရှေ့ရပ်နှင့်စစ်ဆေးရေးဌာန (ကြီးကြပ်ရေးအာဏာပိုင်) က ရှေ့နေ၊ နိုတြီပဗ္ဗလစ်နှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများကို AML/CFT ကြပ်မတ်ကွပ်ကဲမှုနှင့် ကြီးကြပ်စစ်ဆေးမှုများအား ဆုံးရှုံးနိုင်ခြေအန္တရာယ် အခြေပြုချဉ်းကပ်စစ်ဆေးရာတွင် အသုံးပြုနိုင်ရန်၊ သတင်းပို့အဖွဲ့အစည်းများဖြစ်သည့် ရှေ့နေ၊ နိုတြီပဗ္ဗလစ်နှင့် ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) တွင် ၎င်းတို့၏ အခန်းကဏ္ဍကို ပိုမိုသိရှိ နားလည်စေရန်၊ ရှေ့နေလုပ်ငန်းကို ကုမ္ပဏီအဖြစ်မှတ်ပုံတင်၍ ဆောင်ရွက်နေသူများ၊ ကုမ္ပဏီအဖြစ်မှတ်ပုံမတင်ဘဲ ဆောင်ရွက်နေသည့် တစ်ဦးတည်းသော်လည်းကောင်း၊ စုဖွဲ့၍သော်လည်းကောင်း ဆောင်ရွက်နေသူများက လိုက်နာရမည့် အုပ်ချုပ်မှုနှင့်တာဝန်ဝတ္တရားဆိုင်ရာ မူဝါဒနှင့်လုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်း၊ ချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ ဆောင်ရွက်ရာတွင် လမ်းညွှန်အဖြစ် အသုံးပြုနိုင်ရန် ရည်ရွယ်သည်။
ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး