နေပြည်တော်၊ ဇူလိုင် ၁
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ (၂၀၂၄-၂၀၂၈) နှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အကောင်အထည်ဖော်ဆောင်ရွက်ရန် နှစ်အလိုက် လုပ်ငန်းအစီအစဉ်များရေးဆွဲထားသည့် “ ပြည်ထောင်စုတရားလွှတ်တော်ချုပ် AML/CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၅) ခုနှစ် ” ကို ထုတ်ပြန်ကြေညာပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရှိ ဌာနအသီးသီးက ဆောင်ရွက်ကြရမည့် အစီအစဉ်များကို လည်းကောင်း၊ သတင်းပို့အဖွဲ့အစည်းဖြစ်သည့် ရှေ့နေ၊ နိုတြီပဗ္ဗလစ်၊ ဥပဒေဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများက တာဝန်ခံဆောင်ရွက်ရမည့် အချက်များနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်သည့် အစီအစဉ်များတွင် သတင်းပို့အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက် ရမည့်အချက်များကိုလည်းကောင်း သိရှိလေ့လာ ဆောင်ရွက်ကြရန် ဖြစ်ပါသည်။
ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး
AML/CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၅)