နည်းပညာဆိုင်ရာစနစ်များနှင့်စပ်လျဥ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အသိပေး ထုတ်ပြန်ကြေညာချက်

နေပြည်တော်၊ မေ ၅

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော မန္တလေးမြေငလျင်ဒဏ်ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ Data Center ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အောက်ဖော်ပြပါ Online စနစ်များ ခေတ္တရပ်ဆိုင်းခဲ့ပါသည်-

(၁)     တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်အသီးသီး၏ Website များ

(၂)      တရားစီရင်ထုံးအကြောင်းအရာရှာဖွေခြင်းစနစ် (RCMS)

(၃)     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာစီရင်ချက်များ ရှာဖွေခြင်းစနစ် (CJS)

နည်းပညာပိုင်းဆိုင်ရာ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်သဖြင့် ၃-၅-၂၀၂၅ ရက်နေ့မှစတင်၍ အထက်ပါစနစ်များအားလုံး ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်