In person – virtual ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရမည့်သူများစာရင်းနှင့် လိုက်နာရမည့်စည်းကမ်းများ ကြေညာချက်

နေပြည်တော်၊ ဇွန် ၂၄

၂၀၂၅ ခုနှစ်၊  ဇူလိုင်လအတွင်း In person – virtual   ဖြင့် ကျင်းပပြုလုပ်မည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများအနက် အခမ်းအနားတက်‌ရောက်လိုကြောင်း လျှောက်ထားလာသူများနှင့် အထက်တန်းရှေ့နေလိုင်စင်မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူအောက်ပါ (၂၂၄) ဦး သည်  အခမ်းအနား တက်ရောက်ရမည်ဖြစ်ပါသည်။                   

(၇-၇-၂၀၂၅) ရက်နေ့တွင်ကျင်းပပြုလုပ်မည့် အခမ်းအနားသို့ တက်ရောက်ခွင့်ရရှိသူ (၂၂၄) ဦးသည် (၆-၇-၂၀၂၅) ရက်နေ့တွင် ပြုလုပ်မည့် “ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာ အသိပညာ‌ပေးသင်တန်း” နှင့် လက်မှတ်ပေးအပ်ပွဲအတွက် အစမ်းလေ့ကျင့်ခြင်း အခမ်းအနားကိုလည်းကောင်း၊ (၇-၇-၂၀၂၅) ရက်နေ့တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနား ကိုလည်းကောင်း တက်ရောက်ရမည် ဖြစ်ပါသည်။

အခမ်းအနားနှင့် ပတ်သက်သည့် Zoom Application အသုံးပြုနည်း၊ ID နှင့် Passcode၊ ကတိသစ္စာပြုလွှာနှင့် AML/CFT သင်တန်းအစီအစဉ် တို့ကို Email မှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ပါသည်။ အခမ်းအနားတက်ရောက်ခွင့်ရရှိသူများသည် သတ်မှတ်စည်းကမ်းများ လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

Download