နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်ပြုခြင်းအခမ်းအနား ကျင်းပ

နေပြည်တော်၊ ဇွန် ၂

နေပြည်တော်၊ ဥတ္တရခရိုင်၊ သီရိမဏ္ဍိုင်လမ်း၊ ရုံးအမှတ် (၅၄)၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်ပြုခြင်း အခမ်းအနားကို ယနေ့နံနက် ၀၉း၃၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ အပါအဝင် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၃၄၃) ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် တစ်ချိန်တည်းတွင် ပြည်ထောင်စုနယ်မြေရှိ တရားရေးကောလိပ်၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များနှင့် လက်အောက်ခံ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးအသီးသီးတို့တွင်လည်း နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။