ရန်ကုန်အရှ့ပိုင်းခရိုင်တရားရုံးနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး အဆောက်အအုံသစ်များ ဖွင့်လှစ်

 

ရန်ကုန်၊ ဇူလိုင် ၂၀

             ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးအဆောက်အအုံသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ယင်းအဆောက် အအုံသစ် များရှေ့၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်း၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်ဦးဝင်းဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက် ြ ကသည်။

 

     

 

             ရှေးဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးအဆောက်အအုံသစ်ဖွင့်လှစ်ခြင်းအခမ်းအနားကို နံနက်(၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ မင်းနန္ဒာလမ်းရှိ အဆိုပါအဆောက် အဦသစ်ရှေ့၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးစိန်တင်ဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဦးဝင်းဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဆောက်အအုံသစ်ဆိုင်းဘုတ်နှင့် မင်္ဂလာကမ္ဗည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်။

 

    

 

    ဆက်လက်၍ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး အဆောက်အအုံသစ်ဖွင့်လှစ်ခြင်း အခမ်းအနားကို နံနက်(၁၀)နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ခရေပင်လမ်းရှိ အဆိုပါအဆောက်အအုံသစ်များရှေ့၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးစိန်တင်ဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဦးဝင်းဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက အဆောက်အအုံသစ်ဆိုင်းဘုတ်နှင့် မင်္ဂလာကမ္ဗည်မော်ကွန်းအား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 

      

 

           အဆိုပါ ခရိုင်တရားရုံး  အဆောက်အအုံသစ်များကို  တရားရုံးများ   ဂုဏ်သိက္ခာမြှင့်တင်ရေး၊ တရားရုံးအင်္ဂါရပ်နှင့်အညီ   နိုင်ငံတကာအဆင့်မီ  အဆောက်အအုံများ  တည်ဆောက်ရေး ဟူသည့် .ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏   ရည်မှန်းချက်နှင့်လုပ်ငန်းစဉ်ပါမူများနှင့်အညီ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှရေးဆွဲပေးသည့် ခေတ်မီငါးထပ် RC အဆောက်အအုံ  ပုံစံအတိုင်း ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးနှင့် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးကို တရားခွင် (၂၀)ခု၊ ရှေ့နေနားနေခန်း၊ သတင်းမီဒီယာအခန်း၊ စုံစမ်းမှုအခန်း စသည်ဖြင့် စံချိန်စံညွှန်းမီစွာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

 

     

Myanmar

Category: