နေပြည်တော်၊ ဇူလိုင် ၁
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၂၉) သင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ( ၈း၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ်က သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား / သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၈) ပတ်ကြာမြင့်မည် ဖြစ်ပါသည်။