နေပြည်တော် ၊ စက်တင်ဘာလ ၂၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိူးမောင် ၊ ဦးကြည်သိန်း ၊ ဦးခင်မောင်ကြီး ၊ ဦးတင်ဟုန် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံအမှုအမှတ် ၈၈/၂၀၁၉ (စစ်ကိုင်း) ၊ ၉၂/ ၂၀၁၉ (ဧရာဝတီ) ၊ ၉၃/၂၀၁၉ (ဧရာဝတီ) နှင့် ၃၅/၂၀၂၀ (ဧရာဝတီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှု အမှတ် ၉၈/၂၀၁၉ (စစ်ကိုင်း) ၊ ၁၀၀/၂၀၁၉ (တနင်္သာရီ) ၊ ၁၀၁/၂၀၁၉ (မန္တလေး) ၊ ၁၀၂/၂၀၁၉ (မန္တလေး) နှင့် ၁၀၄/၂၀၁၉ (ရန်ကုန်) ၊ စုစုပေါင်း တရားမအထူးအယူခံအမှု (၅) မှုကို COVID – 19 ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။