နေပြည်တော်၊ ဇူလိုင် ၅
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ ဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် (၀၉:၃၀) နာရီ အချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၉၆/၂၀၁၉ (မန္တလေး) နှင့် ၉၇/၂၀၁၉ (မန္တလေး) ကို ကြားဖြတ်အမိန့်ချမှတ်ပြီး၊ တရားမအထူးအယူခံမှုအမှတ် ၇၁/၂၀၁၉ (ရှမ်း)၊ ၉၅ /၂၀၁၉ (ရန်ကုန်)၊ ၉၉/၂၀၁၉ (ရန်ကုန်)၊ ၁၀၇/၂၀၁၉ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၈၈/၂၀၁၉ (စစ်ကိုင်း)၊ ၉၂/၂၀၁၉ (ဧရာဝတီ)၊ ၉၃/၂၀၁၉ (ဧရာဝတီ)၊ ၃၅/၂၀၂၀ (ဧရာဝတီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုကို COVID – 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။