နေပြည်တော်၊ ဇွန် ၂၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၂၀၂၁ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၈:၀၀) နာရီတွင် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး တက်ရောက်၍ ကျွန်းပင်ကို စိုက်ပျိုးပါသည်။
ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန် နှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများက သတ်မှတ် နေရာများ၌ ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ကုက္ကိုပင်၊ မဟော်ဂနီပင်၊ ခရေပင်၊ ကံ့ကော်ပင်၊ စိန်ပန်းပင်၊ ရေတမာပင်၊ ယင်းမာပင်၊ ပိတောက်ပင် ၊ ယူကလစ်ပင်တို့ကို စိုက်ပျိုးကြပြီး အရာထမ်း၊အမှုထမ်းများက ရတနာတန်းဝင်အပင်များနှင့် အရိပ်ရလေကာပင်များကို စိုက်ပျိုး ကြသည်ကို ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှု အားပေးကြသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးသည့် သစ်ပင်များမှာ ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ ကုက္ကိုပင်၊ မဟော်ဂနီပင်၊ ခရေပင်၊ ကံ့ကော်ပင်၊ စိန်ပန်းပင်၊ ရေတမာပင်၊ ယင်းမာပင် ၊ ပိတောက်ပင်၊ ယူကလစ်ပင် စုစုပေါင်း (၃၃၀) ပင် စိုက်ပျိုးခဲ့ကြသည်။