နေပြည်တော်၊ ဒီဇင်ဘာ ၂၁
ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၂)တွင် ပထမအကြိမ် Video Conferencing စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် (၀၈း၀၀) နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေး က အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လိုကြောင်း လိုအပ်ချက်များ ပြည့်စုံစွာဖြင့် လျှောက်ထားသူ အထက်တန်းရှေ့နေ (၁၆၄) ဦး ကို တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပါသည်။ ထို့နောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ်ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
(Coronavirus Disease 2019) COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသွားအလာကန့်သတ်ချက်များ ရုပ်သိမ်းပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ဤကိစ္စအလို့ဌာ အမိန့်တစ်စုံတစ်ရာ ထပ်မံ ထုတ်ပြန် သည့် အချိန်အထိ Video Conferencing စနစ်ဖြင့် ပေးအပ်သည့် အခမ်းအနားများကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။