နေပြည်တော်၊ ဒီဇင်ဘာ ၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာပြီးဖြစ်သော မှုခင်းများကို ယနေ့နံနက် ၀၉:၃၀ အချိန်က Video Conferencing ဖြင့်စီရင်ချက်များ ချမှတ်ခဲ့သည်။
စီရင်ချက်များကို ရုံးခန်းအမှတ် (၂) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးသာဌေးက တရားမဆိုင်ရာအမှု (၂၀) မှုကို ချမှတ်ခဲ့သည်။
ကျန်ရှိနေသည့် ကြားနာပြီးမှုခင်းများအတွက်လည်း ယခင်ထုတ်ပြန် ကြေညာထားသည့်အတိုင်း သတ်မှတ်ရက်များတွင် စီရင်ချက် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီရင်ချက် ချမှတ်နေမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website ဖြစ်သည့် https://www.unionsupremecourt.gov.mm နှင့် facebook စာမျက်နှာ https://web.facebook.com/ousc.publicrelations တို့မှ Live Streaming ထုတ်လွှင့်သွားမည်ဖြစ်ပါ၍ တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။