နေပြည်တော်၊ ဒီဇင်ဘာ ၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာပြီးဖြစ်သော မှုခင်းများကို ယနေ့နံနက် ၀၉:၃၀ အချိန်က Video Conferencing ဖြင့်စီရင်ချက်များ ချမှတ်ခဲ့သည်။
စီရင်ချက်များကို ရုံးခန်းအမှတ် (၂) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသည့် ဦးသာဌေး၊ ဦးစိုးနိုင်နှင့် ဦးမျိုးဝင်းတို့က ရာဇဝတ်အထွေထွေ လျှောက်ထားမှု (စာချွန်တော်) နှင့် တရားမအထွေထွေ လျှောက်ထားမှု (စာချွန်တော်) အမှုများ စုစုပေါင်း (၂၈) မှုကို ချမှတ်ခဲ့သည်။
ကျန်ရှိနေသည့် ကြားနာပြီးမှုခင်းများအတွက်လည်း ယခင်ထုတ်ပြန် ကြေညာထားသည့်အတိုင်း သတ်မှတ်ရက်များတွင် စီရင်ချက် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီရင်ချက် ချမှတ်နေမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website ဖြစ်သည့် https://www.unionsupremecourt.gov.mm နှင့် facebook စာမျက်နှာ https://web.facebook.com/ousc.publicrelations တို့မှ Live Streaming ထုတ်လွှင့်သွားမည်ဖြစ်ပါ၍ တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။