ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ Video Conferencing ဖြင့် စီရင်ချက်များချမှတ်

နေပြည်တော်၊ ဒီဇင်ဘာ ၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ကြားနာပြီးဖြစ်သော မှုခင်းများကို ယနေ့နံနက် ၀၉:၃၀ အချိန်က Video Conferencing ဖြင့်စီရင်ချက်များ ချမှတ်ခဲ့သည်။

စီရင်ချက်များကို ရုံးခန်းအမှတ် (၂) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်က ရာဇဝတ်ဆိုင်ရာအမှု (၃၈) မှု ကိုလည်းကောင်း၊ ရုံးခန်းအမှတ် (၃) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်းက တရားမဆိုင်ရာအမှု (၂၅)မှု ကိုလည်းကောင်း ချမှတ်ခဲ့သည်။

ကျန်ရှိနေသည့် ကြားနာပြီးမှုခင်းများအတွက်လည်း ယခင်ထုတ်ပြန် ကြေညာထားသည့်အတိုင်း သတ်မှတ်ရက်များတွင် စီရင်ချက် ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး စီရင်ချက် ချမှတ်နေမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website ဖြစ်သည့် https://www.unionsupremecourt.gov.mm နှင့် facebook စာမျက်နှာ https://web.facebook.com/ousc.publicrelations တို့မှ Live Streaming ထုတ်လွှင့်သွားမည်ဖြစ်ပါ၍ တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။