“တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် (၁၄) ခု၏ Website များ လွှင့်တင်ပြီးဖြစ်ကြောင်း ကြေညာခြင်း”

နေပြည်တော် ဒီဇင်ဘာ ၁

          ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်သူလူထု၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်ရန် “အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရား မျှတမှုဆီသို့” ဆိုသော ဆောင်ပုဒ်နှင့်အညီ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်းအသစ် (၂၀၁၈-၂၀၂၂) ကို ရေးဆွဲခဲ့ပြီး လုပ်ငန်းနယ်ပယ် (၅) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ “အများပြည်သူ၏ အသိအမြင်ကို မြှင့်တင်ပေးရန်” ဟူသည့် လုပ်ငန်းနယ်ပယ်တစ်ရပ်လည်း ပါဝင်ပါသည်။  ထို လုပ်ငန်းနယ်ပယ်အောက်တွင် “အများပြည်သူဆိုင်ရာ သတင်းအချက်အလက် အစီအစဉ် တိုးချဲ့ဆောင်ရွက်ခြင်း” ဟူသည့် မဟာဗျူဟာအစီအစဉ် ၂.၁.၃ ထည့်သွင်း၍           တရားလွှတ်တော်များ၏ ဝက်ဘ်ဆိုဒ်များ ရေးဆွဲလွှင့်တင်နိုင်ရန် ၂၀၁၉ နှင့် ၂၀၂၀ မဟာဗျူဟာလုပ်ငန်း အစီအစဉ်များတွင် ထည့်သွင်းဆောင်ရွက်ခဲ့ ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော် (၁၄) ခု၏ Website များ ရေးဆွဲဆောင်ရွက်ပြီးဖြစ်သဖြင့် ယနေ့မှစ၍ စတင်လွှင့်တင်ထားပြီး ဖြစ်ပါသည်။

          တရားလွှတ်တော် Website အားလုံး၏ Design အပြင်အဆင်များမှာ တစ်ပြေးညီဖြစ်ပြီး သက်ဆိုင်ရာ တရားလွှတ်တော်များ၏ အမှုခေါ်စာရင်းများ၊ လက်ခံကြားနာသည့် အမှုများ၏ အခြေအနေ၊ လှုပ်ရှားဆောင်ရွက်သည့် သတင်းများ၊ တရားရုံးလိပ်စာများ၊ လေလံဆိုင်ရာ ကိစ္စရပ်များ၊ ရှေ့နေရှေ့ရပ်ကဏ္ဍ၊ ဓာတ်ပုံ၊ ဗီဒီယို၊ တရားစီရင်ရေးဆိုင်ရာ စာအုပ်စာတမ်းများစသည်ဖြင့် ကဏ္ဍ စုံလင်စွာ ဖော်ပြထားသဖြင့် ရှေ့နေရှေ့ရပ်၊ အမှုသည်၊ ဆက်စပ်အဖွဲ့အစည်းများ စသည့် တရားရုံးအသုံးပြုသူများအပြင် တရားစီရင်ရေးဆိုင်ရာ သတင်းအချက် အလက်များကို စိတ်ပါဝင်စားသည့် အများပြည်သူအတွက် များစွာအထောက်အကူ ပြုနိုင်မည် ဖြစ်ပါသည်။

          တရားလွှတ်တော်များ၏ Website များကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှစတင်၍ အောက်ပါလင့်များမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

 

ကချင်ပြည်နယ်တရားလွှတ်တော် https://kachin.hc.gov.mm

ကယားပြည်နယ်တရားလွှတ်တော်        https://kayah.hc.gov.mm

ကရင်ပြည်နယ်တရားလွှတ်တော် https://kayin.hc.gov.mm

ချင်းပြည်နယ်တရားလွှတ်တော်   https://chin.hc.gov.mm

စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်         https://sagaing.hc.gov.mm

တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် https://thanintharyi.hc.gov.mm

ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်      https://bago.hc.gov.mm

မကွေးတိုင်းဒေသကြီးတရားလွှတ်တော်  https://magway.hc.gov.mm

မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် https://mandalay.hc.gov.mm

မွန်ပြည်နယ်တရားလွှတ်တော်     https://mon.hc.gov.mm

ရခိုင်ပြည်နယ်တရားလွှတ်တော်   https://rakhine.hc.gov.mm

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် https://yangon.hc.gov.mm

ရှမ်းပြည်နယ်တရားလွှတ်တော်    https://shan.hc.gov.mm

ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်         https://ayeyarwady.hc.gov.mm