Naypyitaw State Academy ဥပဒေပညာဌာန၊ ကျောင်းသား/ ကျောင်းသူများ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တရားခွင် လေ့လာရေးခရီးလာရောက်

နေပြည်တော်၊ နိုဝင်ဘာ ၆

Naypyitaw State Academy ဥပဒေပညာဌာနမှ တတိယနှစ် ကျောင်းသား/ ကျောင်းသူ (၂၁) ဦးနှင့် ကြီးကြပ်သူတို့ပါဝင်သည့် လေ့လာရေးအဖွဲ့သည် ယနေ့နံနက် (၉:၀၀) နာရီအချိန်တွင်  ပြည်ထောင်စုတရားလွှတ်တော်ချုပ် (ဇေယျာသီရိခရိုင်တရားရုံးအဆောက်အဦ ရုံးထိုင်) သို့ လာရောက်လေ့လာကြပါသည်။         

အဆိုပါလေ့လာရေးအဖွဲ့အား  ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ သတင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်မိုးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့်စပ်လျဉ်း၍ သိမှတ်ဖွယ်ရာအကြောင်းအရာများ တရားစီရင်ရေးဆိုင်ရာဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။            

ထို့နောက် လေ့လာရေးအဖွဲ့သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ် (ဇေယျာသီရိခရိုင်တရားရုံးအဆောက်အဦရုံးထိုင်) ရှိ တရားခွင်တွင် မှုခင်းများကြားနာဆောင်ရွက်နေမှုများကို လေ့လာခဲ့ကြပါသည်။