“ရှေ့နေကျင့်ဝတ်သိက္ခာ နှင့် AML/CFT/CPF သင်တန်း” ပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ ၁၅

 

“ရှေ့နေကျင့်ဝတ်သိက္ခာနှင့် AML/CFT/CPF သင်တန်း” ကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ တရားရေးကောလိပ် (Judicial College) သင်တန်းခန်းမတွင် ယနေ့နံနက် ၉:၃၀ နာရီတွင် ပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက်၍ အမှာစကားပြောကြားသည်။

သင်တန်းတွင် အထက်တန်းရှေ့နေ သက်သေခံလက်မှတ်ကိုင်ဆောင်သူများ လိုက်နာရန်အချက်များ၊ ရှေ့နေကျင့်ဝတ်များ၊ စုံစမ်းစစ်ဆေးခြင်းနှင့်အရေးယူခြင်း၊ ရှေ့နေဆိုင်ရာအခွင့်အရေးများကိုလည်းကောင်း၊ AML/ CFT/ CPF နှင့် မြန်မာနိုင်ငံ၏ကဏ္ဍ၊ နိုင်ငံတကာစံနှုန်းများ၊ ရှေ့နေရှေ့ရပ်များ၏တာဝန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိသော AML/ CFT/ CPF လုပ်ငန်းများ၊ လမ်းညွှန်ချက်များနှင့် AML/ CFT / CPF ဆိုင်ရာ အရေးယူခြင်းများကိုလည်းကောင်း တာဝန်ရှိသူအသီးသီးရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းသည်။

အခမ်းအနားသို့ အထက်တန်းရှေ့နေ သက်သေခံလက်မှတ်ရယူကြသည့် အလုပ်သင်ရှေ့နေ  ( ၁၅၈ ) ဦးတို့ တက်ရောက်သည်။