နေပြည်တော်၊ အောက်တိုဘာ ၁၅
နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ တရားရေးကောလိပ်(Judicial College) သင်တန်းခန်းမတွင် အထက်တန်းရှေ့နေသို့ထုတ်ပေးသည့် တာဝန်ခံလက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် (၈:၀၀) နာရီအချိန်တွင် ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီး ဦးသောင်းနိုင် နှင့် ဒေါက်တာကိုကိုနိုင်တို့ တက်ရောက်ကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသောင်းနိုင်က အမှာစကားပြောကြားသည်။ အခမ်းအနားတက်ရောက်လာသည့် အလုပ်သင်ရှေ့နေ (၁၅၈) ဦးတို့အား အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ်များ ပေးအပ်ပြီးနောက် လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

