ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊  စက်တင်ဘာ ၂၈

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးသောင်းနိုင်၊ ဦးဝင်းမြင့်၊ ဒေါ်စိုးခက်ခက်၊ ဒေါ်သင်းသင်းချို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ်(၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍  တရားမအထူးအယူခံမှုအမှတ် ၂၃/၂၀၂၆(မန္တလေး)၊ ၂၅/၂၀၂၆(မွန်)၊ ၂၆/၂၀၂၆ (ရှမ်း) နှင့် ၃၀/၂၀၂၆(ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၇/၂၀၂၆ (ရန်ကုန်) နှင့် တရားမအထူးအယူခံမှုအမှတ် ၂၈/၂၀၂၆ (ရန်ကုန်)၊ ၃၁/၂၀၂၆ (ရန်ကုန်)၊ ၃၂/၂၀၂၆ (မန္တလေး) ၊ စုစု‌ပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၃) မှုတို့ကို ရုံးထိုင် ကြားနာခဲ့ကြောင်း သတင်းရရှိသည်။