ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ ဩဂုတ် ၃၁

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးသောင်းနိုင်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဦးဝင်းမြင့် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ်(၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၀/၂၀၂၆ (မန္တလေး)၊ ၁၂/၂၀၂၆ (ရန်ကုန်)၊ ၁၃/၂၀၂၆ (မန္တလေး)၊ ၂၀/၂၀၂၆ (ဧရာဝတီ) နှင့် ၂၄/၂၀၂၆ (မွန်) စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၂၃/၂၀၂၆ (မန္တလေး)၊ ၂၅/၂၀၂၆ (မွန်)၊ ၂၆/၂၀၂၆ (ရှမ်း)နှင့်  ၃၀/၂၀၂၆(ရန်ကုန်) စုစု‌ပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။