တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် ပေးအပ်သည့် အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဩဂုတ်၂၈

 

ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၂)  တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်သည့်  အခမ်းအနားကို ယနေ့နံနက် (၈:၀၀)  အချိန်တွင် ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးသောင်းနိုင်၊ ဒေါက်တာကိုကိုနိုင် နှင့် ဒေါ်စိုးခက်ခက်တို့   တက်ရောက်ကြပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးသောင်းနိုင် က အမှာစကား ပြောကြားသည်။   အခမ်း အနား တက်ရောက်လာသည့် အထက်တန်းရှေ့နေ (၁၂၀) ဦးတို့အား တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပြီးနောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။