ရှေ့နေရှေ့ရပ်များအတွက် AML/CFT/CPF သင်တန်း ပြုလုပ်

နေပြည်တော်၊ ဩဂုတ် ၂၈    

 

“ရှေ့နေရှေ့ရပ်များအတွက် AML/CFT/CPF သင်တန်း” ကို ဇေယျာသီရိခရိုင် တရားရုံး၌ ယမန်နေ့ နေ့လယ် ၂း၀၀ နာရီတွင် ပြုလုပ်ရာ တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြုလက်မှတ်ရယူကြမည့် အထက်တန်းရှေ့နေ (၁၂၀) ဦး တို့တက်ရောက် သည်။

သင်တန်းတွင် AML/CFT/CPF နှင့် မြန်မာနိုင်ငံ၏ကဏ္ဍ၊ နိုင်ငံတကာစံနှုန်းများ၊ ရှေ့နေ ရှေ့ရပ်များ၏တာဝန်  နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိသော AML/CFT/CPF လုပ်ငန်းများ၊ လမ်းညွှန်ချက်များနှင့် အရေးယူခြင်းများကို   ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ထွေးက ပို့ချဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းသည်။

အဆိုပါသင်တန်းသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ AML/CFT အမျိုးသား အဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈)နှင့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏ AML/CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၆ခုနှစ်)တို့ အရ ဆောင်ရွက်ခြင်း ဖြစ်သည်။