ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊  သြဂုတ်  ၃

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေး၊ ဦးဝင်းမြင့်၊ ဒေါ်သင်းသင်းချို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍  တရားမအထူးအယူခံမှုအမှတ် ၄၈/၂၀၂၅ (ရန်ကုန်)၊ ၈/၂၀၂၆ (ကချင်)၊ ၁၈/၂၀၂၆ (ရန်ကုန်) နှင့် ၁၉/၂၀၂၆(ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။  တရားမအထူးအယူခံမှုအမှတ် ၁၀/၂၀၂၆ (မန္တလေး)၊ ၁၂/၂၀၂၆ (ရန်ကုန်)၊ ၁၃/၂၀၂၆ (မန္တလေး)၊ ၂၀/၂၀၂၆ (ဧရာဝတီ) နှင့် ၂၄/၂၀၂၆ (မွန်)  စုစု‌ပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို   ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။