အထက်တန်းရှေ့နေသို့ထုတ်ပေးသည့်တာဝန်ခံလက်မှတ် ပေးအပ်သည့် အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ မေ ၂၆

ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၂)  တွင် အထက်တန်းရှေ့နေသို့ထုတ်ပေးသည့် တာဝန်ခံလက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၈:၀၀) နာရီ  အချိန်တွင် ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသောင်းနိုင် တက်ရောက်၍ အမှာစကားပြောကြားသည်။   အခမ်းအနား တက်ရောက်လာသည့် အလုပ်သင်ရှေ့နေ (၁၁၃) ဦးတို့အား အထက်တန်းရှေ့နေသို့ ထုတ်ပေးသည့်တာဝန်ခံလက်မှတ်များ ပေးအပ်ပြီးနောက် လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။