ရန်ကုန် ဇူလိုင် ၃၀
ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၂၈) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၀၉:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး လေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် (ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ညွှန်ကြားရေးမှူး (လေ့ကျင့်ဌာန)၊ ရန်ကုန်တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်တရားသူကြီးများနှင့် သင်တန်းသား / သင်တန်းသူ (၈၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။