နေပြည်တော်၊ ဖေဖေါ်ဝါရီ ၃
တရားရေးအရာရှိကြီးများမွမ်းမံသင်တန်း အမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၀၀ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားရေးကောလိပ် (Judicial College) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား (၆) ဦး၊ သင်တန်းသူ (၅) ဦး၊ စုစုပေါင်း (၁၁) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၃) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့အထိ ရက်သတ္တ (၉) ပတ်ကြာမြင့်မည်ဖြစ်ပါသည်။

