နေပြည်တော်၊ ဇန်နဝါရီ ၇
ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၃) တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၈:၀၀) အချိန်တွင် ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသိန်းကိုကို တက်ရောက်၍ အမှာစကားပြောကြားသည်။ အခမ်းအနား တက်ရောက်လာသည့် အထက်တန်းရှေ့နေ (၁၁၂) ဦးတို့အား တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပြီးနောက် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

