ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်း ပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ  ၇

“ရှေ့နေရှေ့ရပ်များအတွက် AML/CFT ဆိုင်ရာအသိပညာပေးသင်တန်း” ကို ဇေယျာသီရိခရိုင်တရားရုံး၌ ယမန်နေ့ နေ့လည် ၂း၀၀ နာရီတွင် ပြုလုပ်ရာ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုး တက်ရောက်၍ အမှာစကားပြောကြားသည်။

သင်တန်းတွင် AML/CFT နှင့် မြန်မာနိုင်ငံ၏ကဏ္ဍ၊ နိုင်ငံတကာစံနှုန်းများ ၊ ရှေ့နေရှေ့ရပ်များ၏တာဝန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက်ရှိသော AML / CFT ဆိုင်ရာလုပ်ငန်းများ၊ လမ်းညွှန်ချက်များနှင့် အရေးယူခြင်းများကို တာဝန်ရှိသူအသီးသီး ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းသည်။

အဆိုပါသင်တန်းသည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ AML/CFT အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈)နှင့်  ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ AML/CFT အမျိုးသားအဆင့်မဟာဗျူဟာဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၆ခုနှစ်) တို့အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ၇-၁-၂၀၂၆ ရက်နေ့တွင်တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရယူကြမည့် အထက်တန်းရှေ့နေ  ( ၁၁၂ ) ဦးတို့ တက်ရောက်သည်။