ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဇန်နဝါရီ  

ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၀၈:၀၀ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားရေးကောလိပ် (Judicial College) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူ (၅၁) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့အထိ ရက်သတ္တ (၁၃) ပတ် ကြာမြင့်မည် ဖြစ်ပါသည်။