နေပြည်တော်၊ ဒီဇင်ဘာ ၂၅
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “မိသားစုများ စုံညီညီ၊ တို့တွေမဲပေးမည်” အစီအစဉ်ဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားရေးမိသားစုများ၏ ပျော်ပွဲရွှင်ပွဲနှင့် ညစာစားပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူကျက်သရေလမ်းနှင့် ရွှေကြာပင်လမ်းထောင့်ရှိ ယာယီဝန်ထမ်းအိမ်ရာဝန်းတွင် ကျင်းပသည်။
အဆိုပါပျော်ပွဲရွှင်ပွဲနှင့် ညစာစားပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများအပါအဝင် အရာထမ်း ၁၃၆ ဦး၊ အမှုထမ်း ၁၈၉ ဦး၊ မိသားစုဝင် ၉၇ ဦး၊ စုစုပေါင်း ၄၂၂ ဦး တက်ရောက်ကြပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများကို ဗလာမပါ ကံစမ်းမဲနှိုက်၍ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

