တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ပေးအပ်သည့် အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဒီဇင်ဘာ ၁၇

ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၂)  တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်သည့်  အခမ်းအနားကို ယနေ့နံနက် (၈:၀၀)  အချိန်တွင်ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး  ဒေါ်သင်းသင်းနွဲ့နှင့် ဒေါ်သင်းသင်းချိုတို့ တက်ရောက်ကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး  ဒေါ်သင်းသင်းနွဲ့က အမှာစကားပြောကြားသည်။   အခမ်းအနားတက်ရောက်လာသည့် အထက်တန်းရှေ့နေ (၁၁၁) ဦးတို့အား တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပြီးနောက် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။