နေပြည်တော်၊ ဒီဇင်ဘာ ၃
ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၂) တွင် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် (၈:၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်ခင်မေရီနှင့် ဒေါ်သင်းသင်းချိုတို့ တက်ရောက်ကြပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်ခင်မေရီက အမှာစကားပြောကြားသည်။ အခမ်းအနားတက်ရောက်လာသည့် အထက်တန်းရှေ့နေ (၁၁၅) ဦးတို့အား တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြု လက်မှတ်များပေးအပ်ပြီးနောက် တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

