ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေး အကယ်ဒမီတွင် “မြန်မာတရားသူကြီးများနှင့် တရားရေးအရာရှိများအတွက် သတ္တမအကြိမ် စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်း” တက်ရောက်ခဲ့သည့် သင်တန်းသား (၄၀) ဦးအား တွေ့ဆုံမှာကြား

နေပြည်တော်၊ ဒီဇင်ဘာ ၂

 

အိန္ဒိယနိုင်ငံ၊ မတ်ဒရာပရာဒက်ရှ်ပြည်နယ်၊ ဘိုပါးမြို့ရှိ အမျိုးသားတရားစီရင်ရေးအကယ်ဒမီ (National Judicial Academy-NJA) တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် “မြန်မာတရားသူကြီးများနှင့်တရားရေးအရာရှိများအတွက် သတ္တမအကြိမ်စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း” သို့ တက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် သင်တန်းသား (၄၀) ဦးအား ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ မော်ဂျူလာရုံးခန်းအမှတ် (၃) ၌ တွေ့ဆုံခဲ့သည်။  

 

တွေ့ဆုံပွဲတွင် သင်တန်းသားများက မိမိတို့သင်တန်းတွင်လေ့လာခဲ့သည့် တရားစီရင်ရေးဘာသာရပ်များနှင့် အတွေ့အကြုံများကိုရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုတရားသူကြီးချုပ်က သင်တန်းမှလေ့လာခဲ့သည်များကို ဘာသာရပ်ဆိုင်ရာစာတမ်းများရေးသားမျှဝေကြရန်နှင့် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် ဥပဒေစနစ်တူညီသဖြင့်ရရှိလာသည့် တရားစီရင်ရေးလုပ်ငန်းဆိုင်ရာအတွေ့အကြုံများကို သက်ဆိုင်ရာနယ်ပယ်အလိုက် လုပ်ငန်းခွင်တွင်ပြန်လည်အသုံးချရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်သင်းသင်းချိုနှင့် တာဝန်ရှိသူများလည်းတက်ရောက်ကြသည်။