နေပြည်တော် ဇူလိုင် ၁၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးစိုးနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် (၀၉:၃၀) နာရီ အချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု (၈) မှုကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှု (၄) မှုနှင့် တရားမအထူးအယူခံမှု (၁) မှုတို့ကို ရုံးထိုင် ကြားနာခဲ့သည်။