ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊  စက်တင်ဘာ  ၈

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးကြည်သိန်း၊ ဦးသောင်းနိုင်၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင် တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၃/၂၀၂၅(ရန်ကုန်)၊ ၁၇/၂၀၂၅ (မန္တလေး)၊ ၁၈/၂၀၂၅ (ပဲခူး)၊ ၁၉/၂၀၂၅ (မန္တလေး)၊ ၂၀/၂၀၂၅ (မွန်)၊ ၂၂/၂၀၂၅ (ရှမ်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၆) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှု အမှတ် ၄/၂၀၂၅ (ရန်ကုန်)၊ ၅/၂၀၂၅ (ပဲခူး) နှင့် တရားမအထူးအယူခံမှုအမှတ် ၄/၂၀၂၅ (ရန်ကုန်)၊ ၂၆/၂၀၂၅ (ရန်ကုန်)၊ ၂၇/၂၀၂၅ (ဧရာဝတီ)၊ ၂၉/၂၀၂၅ (စစ်ကိုင်း) နှင့် ၃၀/၂၀၂၅ (ရှမ်း) စုစုပေါင်း  ရာဇဝတ်အထူးအယူခံမှု (၂) မှုနှင့် တရားမအထူးအယူခံမှု (၅) မှုတို့ကို  ရုံးထိုင်ကြားနာခဲ့ကြောင်းသတင်းရရှိသည်။