တရားရေးအရာရှိများအတွက် AML/CFT- အကျိုးခံစားခွင့်ရှိသူပိုင်ရှင် ဖော်ထုတ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ဇူလိုင် ၃၀

တရားရေးအရာရှိများအတွက် AML/CFT-အကျိုးခံစားခွင့်ရှိသူပိုင်ရှင် ဖော်ထုတ်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး အစည်းအဝေးခန်းမတွင် In Person / Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အမှာစကားပြောကြားပြီး ယုံမှတ်အပ်နှံမှု၏ သဘောသဘာဝနှင့် ယုံမှတ်အပ်နှံမှု အက်ဥပဒေပြင်ဆင်ခြင်းအကြောင်းကို ဒုတိယညွှန်ကြားရေးမှူးချူပ် ဦးအောင်ကျော်မိုးမှလည်းကောင်း၊ FATF ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ယုံမှတ်အပ်နှံမှု (Trust) နှင့် အကျိုးခံစားခွင့်ရှိသူပိုင်ရှင် (Beneficial Ownership) တို့၏ ကဏ္ဍအရေးပါပုံကို ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးလွင်မှလည်းကောင်း၊ ယုံမှတ်အပ်နှံမှုတွင် အကျိုးခံစားခွင့်ရှိသူပိုင်ရှင်အား ဖော်ထုတ်ခြင်းအကြောင်းကို ဦးစီးအရာရှိ ဒေါက်တာနန်းအေးအေးခြူးမှလည်းကောင်း ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်၊၊

 

ဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားစီရင်‌ရေးကြီးကြပ်မှုရုံးမှ တရားရေးအရာရှိ (၂၉) ဦးတို့က In Person ဖြင့်လည်းကောင်း၊ ပြည်နယ် / တိုင်း / ခရိုင်တရားရုံးများမှ တရားရေးအရာရှိ (၆၄၄) ဦးတို့က Video-Conferencing ဖြင့်လည်းကောင်း တက်ရောက်ကြသည်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်  AML / CFTဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ကို နှစ်စဉ်လုပ်ငန်းအစီအစဉ်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအစီအစဉ် ၂.၆.၁ အရ တရားရေးအရာရှိများအတွက် AML / CFTဆိုင်ရာ အသိပညာမြှင့်တင်ရန်ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြစ်သည်။