စေ့စပ်ဖြေရှင်းရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ် (၂/၂၀၂၅) ကျင်းပ

နေပြည်တော်၊ ဇူလိုင် ၁၈

ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးနှင့် တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနများ၏ စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဥ် (၂/၂၀၂၅) ကို ယနေ့နက် ၀၈း၃၀ နာရီအချိန်တွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် အစည်းအဝေးခန်းမ၌ video Conferencing စနစ်ဖြင့် ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး / ပြည်နယ်တရားရေး ဦးစီးမှူးများက တရားရုံးအဆင့်ဆင့်နှင့် စေ့စပ်ဖြေရှင်းရေးဌာနအသီးသီး၏ ၂၀၂၅ ခုနှစ်၊ မေလနှင့် ဇွန်လအတွင်း တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြသည်။ ယင်းနောက် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် အငြင်းပွားမှုဖြေရှင်းရေးနှင့် အထူးမှုခင်းကိစ္စရပ်များဌာနမှ ညွှန်ကြားရေးမှူးတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ယင်းအစည်းအဝေးသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ စေ့စပ်ဖြေရှင်းရေးဌာနအသီးသီးမှ ဌာနတာဝန်ခံ၊ စေ့စပ်ဖြေရှင်းရေးအရာရှိများ၊ စုစုပေါင်း (၆၄) ဦး တက်ရောက်သည်။