ပြည်ထောင်စုတရားလွှတ်တော်ချုပ် မိုးရာသီငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် ၁၅

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မင်္ဂလာကန်တော်အတွင်း ငါးသယံဇာတ တိုးပွားလာစေရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် မိသားစုများ၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ဇနီးဒေါ်နုနုဌေး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများနှင့် ဇနီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန် / ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း /  အမှုထမ်းများ တက်ရောက်၍ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။

ယနေ့ကျင်းပသည့် ငါးမျိုးများ စိုက်ထည့်သည့်အခမ်းအနားတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပံ့ပိုးပေးသည့် ငါးမြစ်ချင်း ၅၀၀၀ နှင့် ငါးခုံးမကြီး ၅၀၀၀၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၀၀၀၀ ကို မင်္ဂလာကန်တော်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။