(၁၄) ကြိမ်မြောက် In Person – Virtual စနစ်ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်သည့်အခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဇူလိုင် ၇

ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၂) တွင် (၁၄) ကြိမ်မြောက် In Person-Virtual ဖြင့် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်ပေးအပ်သည့်  အခမ်းအနားကို ယနေ့နံနက် (၈:၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသောင်းနိုင်နှင့် ဒေါ်သင်းသင်းနွဲ့ တို့တက်ရောက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးသောင်းနိုင်က အမှာစကား ပြောကြားသည်။  Video Conferencing ဖြင့် အထက်တန်းရှေ့နေ (၁၆၄) ဦး တက်ရောက်ကြပြီး နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးမြို့တို့မှ အထက်တန်းရှေ့နေ (၅၀) ဦး တို့က ကိုယ်တိုင်တက်ရောက်ကြသည်။ အထက်တန်းရှေ့နေစုစုပေါင်း  (၂၁၄) ဦးတို့အား တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ပြီးနောက် တရားလွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြုကြသည်။ အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။