နေပြည်တော်၊ ဇူလိုင် ၆
ရှေ့နေရှေ့ရပ်များအတွက် AML/ CFT ဆိုင်ရာ အသိပညာပေးသင်တန်းကို ယနေ့နံနက် (၉:၃၀) နာရီအချိန်တွင် ဇေယျာသီရိခရိုင်တရားရုံး၌ In Person / Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည်။ သင်တန်းတွင် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ( AML/ CFT ) ဆိုင်ရာ ရှေ့နေရှေ့ရပ်များ၏ အခန်းကဏ္ဍကို ပို့ချဆွေးနွေးပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်လျှက်ရှိသော AML/ CFT ဆိုင်ရာဆောင်ရွက်ချက်များ၊ သတင်းပို့အဖွဲ့အစည်းများ၏ သတင်းပေးပို့ရန် တာဝန်ရှိမှုများကို တာဝန်ရှိသူအသီးသီးက ရှင်းလင်းဆွေးနွေးပြီးနောက် တက်ရောက်လာသူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်၊၊ အသိပညာပေးသင်တန်းသို့ (၁၄)ကြိမ်မြောက် In Person / Virtual ဖြင့် ပြုလုပ်မည့် တရား လွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ် လက်ခံရယူမည့် အထက်တန်းရှေ့နေ (၅၀) ဦးတို့က In Person ဖြင့်လည်းကောင်း၊ (၁၆၄) ဦးတို့က Video-Conferencing ဖြင့်လည်းကောင်း တက်ရောက်ကြသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် AML/ CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ (၂၀၂၄-၂၀၂၈) ကို နှစ်စဉ်လုပ်ငန်းအစီအစဉ်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှေ့နေရှေ့ရပ်များအတွက် AML / CFT အသိပညာမြှင့်တင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဆောင်ရွက်ပေးခြင်းဖြစ်သည်။

