နေပြည်တော်၊ ဇွန် ၃၀
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးသောင်းနိုင်၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြိုနယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံးရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၇၈/၂၀၂၄ (မန္တလေး)၊ ၇/၂၀၂၅ (ရှမ်း)၊ ၉/၂၀၂၅ (ဧရာဝတီ)၊ ၁၀/၂၀၂၅ (ပဲခူး)နှင့် ၁၁/၂၀၂၅ (ရှမ်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် ရာဇဝတ်အထူးအယူခံမှုအမှတ် ၃/၂၀၂၅ (မန္တလေး)နှင့် တရားမအထူးအယူခံမှုအမှတ် ၄/၂၀၂၅ (ရန်ကုန်)၊ ၇၆/၂၀၂၄ (မန္တလေး)၊ ၁၄/၂၀၂၅ (ရန်ကုန်)နှင့် ၁၅/၂၀၂၅ (ရှမ်း)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁) မှုနှင့် တရားမအထူးအယူခံမှု (၄)မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။