နေပြည်တော် ဇွန် ၂၂
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရားသူကြီးများ ဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးဝင်း တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် (၀၉:၃၀) နာရီ အချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှု (၆) မှုနှင့် တရားမအထွေထွေလျှောက်ထားမှု (စာချွန်တော်) (၂) မှု တို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု (၈) မှုကို ရုံးထိုင် ကြားနာခဲ့သည်။