ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံး ရုံးထိုင်ခြင်း

နေပြည်တော်၊ နိုဝင်ဘာလ ၂၂

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော  ဦးမျိုးမောင် ၊ ဦးကြည်သိန်း ၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၄/၂၀၂၀ (ဧရာဝတီ) ၊ ၅/၂၀၂၀ (ဧရာဝတီ) နှင့် ၇/၂၀၂၀ (ရန်ကုန်) ၊ စုစုပေါင်း တရားမ အထူးအယူခံမှု  (၃) မှုကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးယူခံမှုအမှတ် ၈၉/၂၀၁၉ (မွန်)၊ ၉၆/၂၀၁၉ (မန္တလေး)၊ ၉၇/၂၀၁၉ (မန္တလေး)၊ ၈/၂၀၂၀ (ရန်ကုန်) နှင့် ၁၁/၂၀၂၀ (မကွေး)၊ စုစုပေါင်း တရားမအထူးယူခံမှု (၅) မှု ကို ကိုဗစ်–၁၉ ရောဂါကာကွယ် ၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့သည်။