နေပြည်တော်၊ မေ ၂၆
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးသောင်းနိုင်၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်၊ ချင်းတွင်းလမ်းရှိ ဇေယျာသီရိခရိုင်တရားရုံး၊ ရုံးခန်းအမှတ် (၁) ၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အထူးအယူခံခုံရုံးရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၅/၂၀၂၅ (တနင်္သာရီ)၊ ၆/၂၀၂၅ (မကွေး)၊ ၈/၂၀၂၅ (ရှမ်း) နှင့် ၁၂/၂၀၂၅ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၇၈/၂၀၂၄ (မန္တလေး)၊ ၇/၂၀၂၅ (ရှမ်း)၊ ၉/၂၀၂၅ (ဧရာဝတီ)၊ ၁၀/၂၀၂၅ (ပဲခူး) နှင့် ၁၁/၂၀၂၅ (ရှမ်း)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့သည်။