နေပြည်တော်၊ မတ် ၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တရားရေးဝန်ထမ်းအဆင့်(၄)မှ တရားရေး ဝန်ထမ်းအဆင့်(၃)ရာထူးသို့ ရာထူးတိုးမြှင့်ခြင်းစာမေးပွဲကိုကျင်းပရန်ရှိရာ ရာထူးတိုးမြှင့်အရည်အချင်းစစ်ဆေးခြင်းခံယူမည့်သူများအား ပြည်ထောင်စုတရားသူကြီးချုပ်မှ တွေ့ဆုံမှာကြားသည့် အခမ်းအနားကို ယနေ့နေ့လည် ၁ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ စုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေးတက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားသည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် ရာထူးတို့မြှင့်ခြင်းအရည်အချင်းစစ်ဆေးခံယူမည့် တရားရေးဝန်ထမ်းအဆင့်(၄) (၆၇) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။