နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၇
ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အရာထမ်း၊ အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁၄း၀၀ နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် စုဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်(စီမံ/ထောက်ပံ့/လေ့ကျင့်) ဦးမိုးကျော်က အသိပညာပေးဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေသမိုင်းကြောင်း၊ ပြည်သူ့စစ်မှုထမ်းအဓိပ္ပါယ်၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်း၏ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းခေါ်ယူခြင်းလုပ်ငန်းစဉ်၊ ကင်းလွတ်၊ လျှော့ပေါ့၊ ရွှေ့ဆိုင်းလုပ်ငန်းစဉ်၊ စစ်မှု ထမ်းရမည့်သူများ၏ အခွင့်အရေးများ၊ စစ်မှုထမ်းရမည့်သူများ၏တာဝန်များ၊ စစ်မှု ထမ်းခြင်းနှင့်စပ်လျဉ်း၍ တားမြစ်ကန့်သတ်ချက်များ၊ ပြစ်မှုများနှင့်ပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေးခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အရာထမ်း (၄၉) ဦး၊ အမှုထမ်း (၁၂၃) ဦး၊ စုစုပေါင်း (၁၇၂) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။