အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရောက်ရှိနေသော ပြည်ထောင်စုတရားလွှတ်တော်ချုပ် အရာထမ်း၊ အမှုထမ်းများ၏ ယာယီနေရပ်စွန့်ခွာ မိသားစုများအတွက် ထောက်ပံ့ငွေပေးအပ်

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၂၂

အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရောက်ရှိနေသော ပြည်ထောင်စုတရားလွှတ်တော်ချုပ် အရာထမ်း၊ အမှုထမ်းများ၏ ယာယီနေရပ်စွန့်ခွာ မိသားစုများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁ : ၃၀) နာရီအချိန်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ ကျင်းပရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမျိုးတင့်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ၊ ယာယီနေရပ်စွန့်ခွာသည့်မိသားစုဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးမျိုးတင့်က အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာသူများအား နိုင်ငံတော်မှထောက်ပံ့ပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်သို့လာရောက်နေထိုင်သည့် အရာထမ်း၊ အမှုထမ်းများ၏ မိသားစုဝင် ၂၈ ဦးအား တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။