ပြည်‌ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယနေ့) ဆက်လက်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

ပြည်‌ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ (၂၈) ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (ဒုတိယနေ့) ကို ယနေ့နံနက် ၉:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပ သည်။

အစည်းအဝေး(ဒုတိယနေ့)တွင် တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၏ တရားစီရင်ရေးအခြေအနေများ၊ နယ်မြေဒေသအခြေအနေများ၊ ကြုံတွေ့နေရသောအခက်အခဲများ နှင့် တရားရုံးလုပ်ငန်းအခြေအနေများအား online ဖြင့် တင်ပြချက်များအပေါ် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ‌ဒေါက်တာကိုကိုနိုင်၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါ်သင်းသင်းနွဲ့၊ ဦးသိန်းကိုကို၊ ဦးသောင်းနိုင်၊ ဒေါ်ခင်မေရီ၊ ဦးခင်မောင်ကြီး၊ ဦးကြည်သိန်း၊ ဦးမျိုးမောင်၊ ဦးမျိုးတင့်တို့က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေးက နိဂုံးချုပ်လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ အစည်းအ‌ဝေး (ဒုတိယနေ့) သို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး၊  တိုင်းဒေသကြီး / ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများနှင့် ခရိုင်တရားသူကြီးများသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်ခဲ့ပြီး အစည်းအဝေးကို အောင်မြင် စွာကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။