တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ တတိယနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၅ ခုနှစ်) ထုတ်ပြန်ခြင်း

နေပြည်တော်၊ ဇန်နဝါရီ  ၃   

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “တရားမျှတမှုရရှိစေရေး၊ အားလုံးပါဝင်ဆောင်ရွက်ပေး” ဟူသည့် ဆောင်ပုဒ်ဖြင့် တတိယအကြိမ်မြောက် “တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ကို အကောင်အထည်ဖော်လျက်ရှိပါသည်။ မဟာဗျူဟာစီမံကိန်းရည်မှန်းချက်များ အောင်မြင်စေရေးအတွက် နှစ်စဉ်မဟာဗျူဟာလုပ်ငန်းအစီအစဉ်များရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ “တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ ၂၀၂၅ ခုနှစ်အတွက် တတိယနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။

တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) တွင် တရားစီရင်ရေး၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ တန်ဖိုးများရရှိ အောင်မြင်စေရန်အတွက် မဟာဗျူဟာလုပ်ငန်းနယ်ပယ် (၅) ရပ် ဖြစ်သည့် တရားရုံးဝန်ဆောင်မှုများအများပြည်သူလက်လှမ်းမီနိုင်မှုကို လွယ်ကူတိုးတက်စေရေးဆောင်ရွက်ပေးရန်၊ အများပြည်သူ၏အသိအမြင်ကို မြှင့်တင်ပေးရန်၊ တရားစီရင်ရေးဆိုင်ရာလွတ်လပ်မှုနှင့် စီမံခန့်ခွဲနိုင်မှု စွမ်းရည် မြှင့်တင်ရန်၊ တရားစီရင်ရေး၏ပညာရပ်ကျွမ်းကျင်မှု၊ တာဝန်ခံယူနိုင်မှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ပေးရန်နှင့် ထိရောက်သော မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးက ဆောင်ရွက်သော အထူးမှုခင်းကိစ္စရပ်တို့ ကို တိုးမြှင့်ဆောင်ရွက်ရန်တို့ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်များကို အရေးကြီးမှုအစီအစဉ်အလိုက် ဦးစားပေးအဆင့်များသတ်မှတ်၍ နှစ်အလိုက် အကောင်အထည်ဖော်လျက်ရှိပါသည်။

သို့ဖြစ်ရာ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်များတွင် ဦးစားပေးအဆင့် (၁) အစီအစဉ်များကို ထည့်သွင်းအကောင်အထည်ဖော်ခဲ့ပြီး၊ ယခု ၂၀၂၅ ခုနှစ်တွင် ယခင်နှစ်များက မပြီးပြတ်သေးသော လုပ်ငန်းအစီအစဉ် များကို ဆက်လက် ဆောင်ရွက်ရန်နှင့် အသစ်ထပ်မံဆောင်ရွက်ရန်ကိစ္စများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း၏ တတိယနှစ်လုပ်ငန်းအစီအစဉ်ကို ပြည်ထောင်စုတရားလွှတ်‌တော်ချုပ်၏ အင်တာနက်စာမျက်နှာ www.unionsupremecourt.gov.mm တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

 

Download ရယူရန်